မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး ၏ ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းကို (၈-၁၁-၂၀၂၄) ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးရှိ ခန်းမကြီးတွင် ဆောင်ရွက် ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္က ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများမှ လိုအပ်သည် များကို တင်ပြခြင်းအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း တို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက ရုံး၏လုံခြုံရေးအဖွဲ့အား ဝတ်စုံများ ထောက်ပံ့ပေးခဲ့ကြပါသည်။