ဝန်ထမ်းတွေ့ဆုံပွဲ (၉/၂၀၂၄)

            မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၏ဝန်ထမ်းများနှင့်တွေ့ဆုံခြင်းကို (၄-၉-၂၀၂၄) ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးရှိ ခန်းမကြီးတွင် ဆောင်ရွက် ပြုလုပ်ခဲ့ပါသည်။
            ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္က ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများမှ လိုအပ်သည်များကို တင်ပြခြင်းအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း နှင့် ဝန်ထမ်းများအား ရွှေဝါဆပ်ပြာတောင့်များ ထောက်ပံ့ခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပါသည်။