ဝန်ထမ်းတွေ့ဆုံပွဲ

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းရုံး ဝန်ထမ်းတွေ့ဆုံပွဲကို ၂၀၂၄ ခုနှစ်၊ဇွန်လ(၅)ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေး အသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများမှ လိုအပ်သည်များကိုတင်ပြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။ ယင်းနောက် ဝန်ထမ်းများအား အာလူးများ ထောက်ပံ့ ပေးခဲ့ပါသည်။