သင်တန်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း HI-MNCH Project မှ Refresher Training for MMCWA Volunteers on MNCH and GBV သင်တန်းကို ဧရာဝတီတိုင်းဒေသကြီး (ဝါးခယ်မ နှင့် မြောင်းမြ) မြို့နယ်တို့တွင် (24/11/2024)ရက်နေ့ မှ (25/11/2024)ရက်နေ့အထိ ဆောင်ရွက်ပြုလုပ် ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကား နှင့် သင်တန်းဖွင့်လှစ်ရခြင်းအကြောင်း တို့ကို ပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူးက သင်တန်းပို့ချ ပေးခဲ့ပါသည်။ အဆိုပါ သင်တန်းကို ဧရာဝတီတိုင်းဒေသကြီး (ဝါးခယ်မ၊ မြောင်းမြ) မြို့နယ်တို့မှ အသင်းဝင်စေတနာ့ဝန်ထမ်း သင်တန်းသား စုစုပေါင်း(၆၀)ဦး တို့က တက်ရောက်ခဲ့ကြပါသည်။