သုံးမွှာပူးကလေးငယ်များအတွက် ငွေကျပ် (၃၀၀,၀၀၀) သွားရောက်ထောက်ပံ့ခြင်း။

၂၀၁၈ခုနှစ်၊ သြဂုတ်လ ( ၂၂ )ရက်
 
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာစန်းစန်း မြင့်အောင်၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်းနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသန်းသန်းနွယ်တို့သည် သားဖွားမီးယပ်အထူးကုဆေးရုံကြီး၊ နေပြည်တော်တွင် သုံးမွှာပူးကလေးငယ်များအတွက် ငွေကျပ် (၃၀၀,၀၀၀)ကို သွားရောက်ထောက်ပံ့ခဲ့ ပါသည်။ ထို ကျား(၁)ဦး မ(၂)ဦး သုံးမွှာပူးကလေးငယ်များအား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့တွင် သစ်တပ်ကျေးရွာအုပ်စု၊ ဇေယျာသီရိမြို့နယ်၊ အဖ ဦးမျိုးလွင်၊ အမိ ဒေါ်စန်းစန်းလင်းတို့က သားဖွားမီးယပ်အထူးကုဆေးရုံကြီး၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်၌ မွေးဖွားခဲ့ကြောင်းသိရှိရပါသည်။