အစီရင်ခံစာ ရေးသားနည်းနှင့် စာရင်းဇယားများ ဖြည့်သွင်းခြင်းသင်တန်း

၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၂၃ ရက်နေ့ထိ။

 

မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းသည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၂၃ ရက်နေ့ထိ အစီရင်ခံစာ ရေးသားနည်းနှင့် စာရင်း ဇယားများ ဖြည့်သွင်းခြင်း သင်တန်း ကို မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဗဟိုရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဥက္ကဌ ဒေါက်တာနုနုသာ၊ အတွင်ရေးမှူး ဒေါ်တင်တင်ဝင်း နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။