အမျိုးသမီးများ လူမှုရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲမှု အစရှိသည့် ဆုံးဖြတ်ချက်ချနိုင်သည့်အဆင့်များတွင် ပါဝင်နိုင်ရေး အသိပညာပေး ဆွေးနွေးပွဲ စီမံချက်(၂၅. ၈. ၂၀၁၆ မှ ၂၆.၈.၂၀၁၆ ထိ)

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အထိ။





“အမျိုးသမီးများ လူမှုရေး၊ ကျန်းမာရေး၊ စီမံခန့်ခွဲမှု အစရှိသည့် ဆုံးဖြတ်ချက်ချနိုင်သည့်အဆင့်များတွင် ပါဝင်နိုင်ရေး အသိပညာပေး ဆွေးနွေးပွဲ” ကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ တွင် စုပေါင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး သြဂုတ်လ ၂၆ ရက်နေ့တွင် ဦးတည်အုပ်စုအလိုက် ဆွေးနွေးခြင်း တို့ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
 

ကရင်ပြည်နယ် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူး ဦးမင်းရွှေ၊ ကရင်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ဇာနည်ဝင်း၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ချီးမြှင့်ခဲ့ကြပါသည်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘားအံတက္ကသိုလ်မှ ဆရာ၊ဆရာများ၊ အခြေခံပညာကျောင်းမှ ဆရာ၊ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ဒေသခံများ၊ လုပ်အားပေးသူများ စုစုပေါင်း ( ၁၁၆ ) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့တွင် မြန်မာနိုင်ငံ လူ့အခွင့် အရေးကော်မရှင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ဆက်သွယ်ရေးအရာရှိ ဒေါ်အေးသီရိမြတ်တို့က အသီးသီး ဆွေးနွေးတင်ဆက်ခဲ့ကြပါသည်။

 
 
ဆွေးနွေးတင်ဆက်သည့် အကြောင်းအရာများမှာ
၁။       လူ့အခွင့်အရေး
၂။       အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၃၂၅ ( ၂၀၀၀ ပြည့်နှစ် )
၃။       မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၎။       အမျိုးသမီးများ၏ အခွင့်အရေးများနှင့် ကျား၊မ ရေးရာ တန်းတူညီမျှမှု
၅။       အမျိုးသမီးများနှင့် မျိုးဆက်ပွားကျန်းမာရေး အခွင့်အရေး၊
၆။       UNSCR 1325 နှင့် ကိုယ်ဝန်ဆောင်မိခင်ကျန်းမာရေး စောင့်ရှောက်မှု
၇။       လူကုန်ကူးမှုပပျောက်ဖို့ ၀ိုင်းဝန်းတိုက်ဖျက်ကြပါစို့ တို့ဖြစ်ကြပါသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၆ရက်နေ့တွင် သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဦးတည်အုပ်စုများခွဲကာ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲတက်ရောက်လာကြသော ကိုယ်ဝန်ဆောင် မိခင်များအား အနှီးပိတ်၊ ကလေးအင်္ကျီ နှင့် တစ်ခါသုံးမွေးဖွားအိတ်တို့ကို ထောက်ပံ့လှူဒါန်းခဲ့ပါသည်။