အသက်ငါးနှစ်အောက်ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၈ ရက်။


 

မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မေတ္တာစမ်းရေဆေးခန်းတွင် အသက် ငါးနှစ်အောက် ကလေးကျန်းမာရေး စောင့်ရှောက်မှုဆေးခန်းကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကလေးများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
ယခုအခါ အသက်ငါးနှစ်အောက်ကလေးများအတွက် အထူးကုဆရာဝန်မှ ကျန်းမာရေးဆိုင်ရာ ဆန်းစစ်ခြင်းနှင့် စောင့်ရှောက်မှုပေးခြင်း၊ မိဘများကို ကျန်းမာရေး အသိပညာ ပေးခြင်း နှင့် ကလေးငယ်များကို အာဟာရဖြစ်စေမည့် အစားအစာများ ကျွေးမွေးခြင်း၊ အာဟာရ ဖြစ်စေမည့် အစားအစာများ ချက်ပြုတ် သရုပ်ပြခြင်းတို့ကို ၂၈၊ ၆၊၂၀၁၆ ရက်နေ့မှ စတင်၍ လ၏ ဒုတိယပတ်နှင့်စတုတ္ထပတ် အင်္ဂါနေ့တိုင်းတွင် နံနက် (၁၀း၀၀) နာရီမှ (၁၂း၀၀) နာရီအထိ အစီအစဉ်ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။