အသိပညာပေးဟောပြောခြင်း။

၂၆-၂-၂၀၂၅ ရက်နေ့ညနေ (၃:၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ၏ မေတ္တာစမ်းရေ အသင်းပိုင်မူလတန်းကြိုကျောင်း သို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု့ ခဲ့ကြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း မှ ကလေးငယ်လေးများ နှင့် ဆရာမများကို ကလေးသူငယ်အကြမ်းဖက်ခံရမှုများမှ ကင်းဝေးစေရန် နှင့် ရှောင်ရှားနိုင်စေရန်  အတွက်  ပညာပေးရုပ်ပုံကားချပ်များပြသကာ ဟောပြောသင်ကြားပေးခဲ့ပါသည်။
ထို့နောက် ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက မူကြိုကျောင်းတက်ရောက်နေကြသော သားငယ်/သမီးငယ်လေးများကို အာဟာရပြည့် နို့ နှင့် မုန့်များ ပေးဝေခဲ့ကြပါသည်။