အေးမေတ္တာစံဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ကျောင်းဝတ်စုံများသွားရောက်လှူဒါန်းခြင်း

၂၀၁၈ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်၊ အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်းနှင့် အဖွဲ့သည် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အေးမေတ္တာစံဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/သူများအတွက် ကျောင်းဝတ်စုံများ သွားရောက်လှူဒါန်းခဲ့ပါသည်။ လှူဒါန်းမှုစုစုပေါင်းတန်းဘိုးမှာ (၁,၂၅၄,၇၅၀/-) ကျပ်ဖြစ်ပါသည်။