မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့ အာဆီယံရေတပ်ဦးစီးချုပ်များ၏ဇနီးများ နှင့်အဖွဲ့လာရောက်တွေ့ဆုံခြင်း

အာဆီယံရေတပ်ဦးစီးချုပ်များ၏ဇနီးများနှင့်အဖွဲ့သည်(၂၀-၈-၂၀၁၅)ရက်နေ့  နံနက်(၉:၁၀) နာရီတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့  လာရောက်လေ့လာခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌဒေါ်သဇင်နွယ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် အတွင်းရေးမှူး ဒေါ်တင်တင်ဝင်းက အသင်း၏ရည်ရွယ်ချက်၊ ဖွဲ့စည်းပုံ၊ လုပ်ငန်းတာဝန်များ၊ မိခင်နှင့်ကလေးများဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများကို (Power Point) ဖြင့်ရှင်းလင်းပြီး ဥက္ကဌနှင့်မြန်မာ့တပ်မတော်(ရေ)ဦးစီးချုပ်၏ဇနီးမှ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။ 
ဧည့်သည်တော်များသည် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ကဏ္ဍအလိုက်လုပ်ငန်း ဆောင်ရွက်ချက်မှတ်တမ်း ဓါတ်ပုံများ ကိုခန်းမအတွင်းလှည့်လည်ကြည့်ရှုကြပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှဖွင့်လှစ်ထားသော မေတ္တာစမ်းရေဆေးခန်းသို့သွားရောက် လေ့လာခဲ့ကြောင်း သတင်းရရှိပါသည်။