မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် ၂၀၁၀ခုနှစ်မှစ၍ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများသို့ကွင်းဆင်းကာ ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေး ဆေးခန်းကိုဖွင့်လှစ်၍ ကျန်းမာရေးပညာပေးဟောပြောခြင်း၊ ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အို များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပံ့ပိုးပစ္စည်းများလှူဒါန်းခြင်း၊ မျက်စိနှင့်သွားကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းတို့ကို တစ်လတစ်ကြိမ် ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ  အတွင်းရေးမှူးဒေါ်တင်တင်ဝင်းနှင့်တွဲဖက်အတွင်းရေးမှူးများ၊ ကုတင်(၁၀၀၀)နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာအထူးကု ဆရာဝန်ကြီးအဖွဲ့၊ပျဉ်းမနားကုတင်(၃၀၀)အငြိမ်းစားဆေးရုံမှမျက်စိအထူးကုဆရာဝန်ကြီးအဖွဲ့၊နေပြည် တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှအတွင်းရေးမှူး၊ ပုဗသီရိမြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌ၊အတွင်းရေးမှူး၊ အဖွဲ့ဝင်များ၊ ပုဗ`ဗသီရိမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး နှင့်ဆရာ/ဆရာမများ၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မေတ္တာစမ်းရေဆေးခန်းမှ တာဝန်ခံဆရာဝန်ကြီးနှင့်ဆရာဝန်များသည်၂၀၁၅ခုနှစ်၊ဇူလိုင်လ(၂၅)ရက်နေ့တွင်နေပြည်တော်၊ပုဗ်ဗသီရိ မြို့နယ်၊ ကန်ဇွန်းအင်းကျေးရွာတွင် ရွေ့လျားကျန်းမာရေးဆေး ခန်းကို ဆောင်ရွက်ခဲ့ပါသည်။
ပထမပိုင်းအနေဖြင့်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွင်းရေးမှူးဒေါ်တင်တင်ဝင်းမှအမှာစကားပြောကြားပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါက်တာ သက်နိုင်ဦးမှ ‘ရာသီအလိုက်ဖြစ်ပွားတတ်သောရောဂါများ၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါအကြောင်း’ကိုပြောကြားခဲ့ပါသည်။ ထို့နောက်အဘိုးအဘွားများကိုအားဆေး နှင့်အာဟာရများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များကိုတစ်ခါသုံးမွေးအိတ်၊ အိုင်အိုဒင်းဆားနှင့် ဆပ်ပြာများကိုလည်းကောင်း၊ကျေးရွာစာကြည့်တိုက်အတွက်မေတ္တာစမ်းရေမဂ္ဂဇင်းများကိုလည်းကောင်း  လှူဒါန်းခဲ့ပါသည်။ ဒုတိယအပိုင်းအနေဖြင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လက်ထောက်ဆရာဝန်များမှ   အသက်(၁၈)နှစ်မှ(၂၄)နှစ်အတွင်းရှိယောက်ျားလေး(၁၅)ဦးနှင့်  မိန်းကလေး (၁၅)ဦးတို့ကို “ပျိုရွယ်သူမျိုးဆက်ပွား  ကျန်းမာရေး ဆိုင်ရာ အကြာင်း”ကိုလည်းကောင်း၊ မေတ္တာစမ်းရေ ဆေးခန်းတာဝန်ခံဆရာဝန်ကြီး ဒေါက်တာစမ်းစမ်းလှိုင်နှင့်အဖွဲ့မှ “ရွေ့လျားကျန်းမာရေးဆေးခန်း ဖွင့်လှစ်ရခြင်း”နှင့်“ကိုယ်ဝန်ဆောင်စနစ်တကျစောင့်ရှောက်မှုခံယူရန်အရေးပါမှု၊ ကျွမ်းကျင်သူများဖြင့် မွေးဖွားရန်”အကြာင်းကိုလည်းကောင်း အုပ်စုလိုက်ရှင်းလင်း၍ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ ပါသည်။
ထိုနောက် ကိုယ်ဝန်ဆောင်(၁၀)ဦးကို ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးခြင်း၊ သက်ကြီး ဘိုးဘွား(၄၁)ဦးကို ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပေးခြင်း၊ မျက်စိလူနာ(၃၉)ဦးကို ကြည့်ရှု့စစ်ဆေးပေး ခြင်း၊သွားနှင့်ခံတွင်းလူနာ(၁၆)ဦးကို ကုသမှုပေးခြင်းနှင့် အထွေထွေလူနာ(၁၀၁)ဦးကိုကြည့်ရှု့ စစ်ဆေး ကုသပေးခြင်းတို့ကိုဆောင်ရွက်နိုင်ခဲ့ပြီး ညွှန်းပို့ရန်လိုအပ်သောလူနာများကို နီးစပ်ရာကျန်းမာရေးဌာန သို့ ညွှန်းပို့ခြင်းနှင့်ချို့တဲ့လူနာများကို ထောက်ပံ့ခြင်းများကိုလည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်း ရရှိ ခဲ့ပါသည်။