မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သောပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်း

၂၀၁၆ ခုနှစ်၊ မေလ ၂၈ ရက်။
 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် ၂၀၁၀ခုနှစ်မှစ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရှိကျေးရွာများသို့ ကွင်းဆင်းကာပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းကို ဖွင့်လှစ်၍ ကျန်းမာရေး ပညာပေးဟောပြောခြင်း၊ ကိုယ်ဝန်ဆောင်နှင့်သက်ကြီးရွယ်အိုများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပံ့ပိုးပစ္စည်းများလှူဒါန်းခြင်း၊ မျက်စိနှင့်သွားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို တစ်လတစ်ကြိမ် ပုံမှန်ဆောင်ရွက်လျှက် ရှိပါသည်။
 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူး (၁)ဒေါက်တာဂျိုဂျိုစန်း နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလှလှကြည်နှင့် နေပြည်တော်ကုတင် (၂၀၀)မှ မျက်စိအထူးကု ဆရာဝန် ကြီးများ၊ နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးမှ သွားဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးအဖွဲ့နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒက္ခိဏသီရိ ခရိုင်မိခင်နှင့်ကလေးစာင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပျဉ်းမနားမြို့နယ် မိခင်နှင့်ကလေးစာင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အဖွဲ့ဝင်များ၊ ပျဉ်းမနား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့်လက်ထောက်ဆရာဝန်များ၊ဆရာ/ဆရာမများ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မေတ္တာစမ်းရေဆေးခန်းမှတာဝန်ခံဆရာဝန်ကြီးနှင့်ဆရာဝန်များလိုက်ပါလျက် ၂၀၁၆ခုနှစ်၊မေလ(၂၈)ရက်နေ့တွင် နေပြည်တော်၊ ပျဉ်းမနာြး မို့နယ်၊ကတိုးဆိပ်၊ ဝဲကြီးကျေးရွာသို့သွားရောက်ကာ ရွေ့လျားကျန်းမာရေးဆေးခန်းကိုဆောင်ရွက်ခဲ့ပါသည်။

ပထမဦးစွာကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတွဲဖက်အတွင်းရေးမှူး(၁) ဒေါက်တာဂျိုဂျိုစန်းမှအမှာစကား ပြောကြားပြီး နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာလှလှကြည်မှ ‘မိခင်သေနှုန်းကျဆင်းရေးသိကောင်းစရာ’ အကြောင်းကိုလည်းကောင်း၊ လက်ထောက်ဆရာဝန် ဒေါက်တာသက်နိုင်ဦးမှ ‘သွေးလွန်းတုပ်ကွေးရောဂါ သိကောင်းစရာများအကြောင်း’ကို အသိပေးပြောကြားခဲ့ပါသည်။ ထို့နောက် အဘိုးအဘွားများကို အားဆေးနှင့်အာဟာရဖြစ်စေသော အစားအစာများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို တစ်ခါသုံးမွေးအိတ်၊ အိုင်အိုဒင်းဆားနှင့် ဆပ်ပြာ များကိုလည်းကောင်း၊ ကျေးရွာစာကြည့်တိုက်အတွက် မေတ္တာစမ်းရေမဂ္ဂဇင်းများကို လည်းကောင်းလှူဒါန်းခဲ့ပါသည်။

ဆက်လက်၍ မေတ္တာစမ်းရေဆေးခန်းတာဝန်ခံဆရာဝန်ကြီး   ဒေါက်တာစမ်းစမ်းလှိုင်နှင့်အဖွဲ့မှ “ရွေ့လျားကျန်းမာရေးဆေးခန်းဖွင့်လှစ်ရခြင်းနှင့် ကိုယ်ဝန်ဆောင် စနစ်တကျစောင့်ရှောက်မှုခံယူရန် အရေးပါမှု၊ ကျွမ်းကျင် သူများဖြင့် မွေးဖွားရန်” အကြောင်းကိုလည်းကောင်း၊ IPPF Project မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အမှုဆောင်ညွှန်ကြားရေးမှုးဒေါက်တာကိုကိုမော်မှ အန္တရာယ်ကင်းသော ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အကြောင်း’ကိုလည်းကောင်းရှင်းလင်း၍ ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး၊ အသင်းရုံးလက်ထောက်ဆရာဝန်များမှ ကျေးရွာအတွင်းရှိ လူငယ်များကိုပျိုရွယ်သူ ကျန်းမာရေး အသိပညာပေး ဆွေးနွေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။ ကိုယ်ဝန်ဆောင်(၃၀)ဦး၊ သက်ကြီးဘိုးဘွား(၇၀)ဦး၊ မျက်စိလူနာ(၈၀)ဦး၊ သွားနှင့်ခံတွင်းလူနာ(၁၄)ဦးနှင့် အထွေထွေလူနာ(၉၂)ဦး စုစုပေါင်း(၂၈၆)ဦး တို့ကိုကြည့်ရှု့စစ်ဆေးကုသပေးခဲ့ပြီး ညွှန်းပို့ရန်လိုအပ်သောလူနာများကို နီးစပ်ရာကျန်းမာရေးဌာနသို့  ညွှန်းပို့ခြင်းနှင့်ချို့တဲ့လူနာများကို ထောက်ပံ့ခြင်းများကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။