မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းနှင့် Global Fund တို့ပူးပေါင်းဆောင်ရွက်သည့် ပြည်သူလူထုအခြေပြုတီဘီဝေဒနာရှင် များအားပြုစုစောင့်ရှောက်ခြင်းစီမံချက် (CBTBC) ဗဟိုအဆင့်ဆရ

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အမျိုးသားတီဘီ ရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့်Global Fund တို့ပူးပေါင်းဆောင်ရွက်သော    ပြည်သူလူထုအခြေပြုတီဘီ
ဝေဒနာရှင်များအားပြုစုစောင့်ရှောက်ခြင်းစီမံချက်(CBTBC)ဗဟိုအဆင့်ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား
ကို၂၀၁၆ခုနှစ်မတ်လ(၈)ရက်နံနက်(၈:၀၀)နာရီတွင်နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ  မြန်မာ
နိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားသို့  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှတာဝန်ရှိပုဂ္ဂိုလ်များ၊စီမံချက်ဝင်မြို့နယ်များမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ တာဝန်ရှိ သူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်   စီမံချက်ဝင်မြို့နယ်များမှ သင်တန်းသား/သူများတက်
ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌဒေါ်သဇင်နွယ်က
အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ 
    အဆိုပါသင်တန်းကို စီမံချက်ဝင်မြို့နယ်များဖြစ်သော ပဲခူးတိုင်းဒေသကြီးမှ(၂၈)မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ(၂၈)မြို့နယ်၊မွန်ပြည်နယ်မှ(၁၀)မြို့နယ်၊ ကရင်ပြည်နယ်မှ(၂)မြို့နယ်နှင့် ပြည်ထောင်စုနယ်မြေမှ(၃)မြို့နယ် စုစုပေါင်း(၇၁)မြို့နယ်မှသင်တန်းသား/သူစုစုပေါင်း(၁၄၂)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်း ကို မတ်လ(၈)ရက်နေ့မှ(၉)ရက်နေ့အထိ(၂)ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။