မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမေရိကန်နိုင်ငံအခြေစိုက် Rotaplast အဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ နေပြည်တော် ကုတင်(၃၀၀) အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများအား အခမဲ့ ခွဲစိတ်ကုသခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်အမေရိကန်နိုင်ငံအခြေစိုက် Rotaplast အဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ နေပြည်တော်ကုတင်(၃၀၀) အငြိမ်းစားနိုင်ငံဝန်ထမ်းများဆေးရုံကြီးတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများနှင့်အခြားချို့ယွင်းချက်ရှိသောလူနာများကို ၂၀၁၅ခုနှစ် သြဂုတ်လ(၂၇)ရက်နေ့မှစက်တင်ဘာလ(၃) ရက်နေ့အထိ အခမဲ့ခွဲစိတ် ကုသပေးခဲ့ပါသည်။
ကယားပြည်နယ်၊မွန်ပြည်နယ်၊ရှမ်းပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့်နေပြည်တော်
ကောင်စီနယ်မြေတို့မှ လူနာစုစုပေါင်း(၅၈)ဦးကို ခွဲစိတ်ကုသပေးခဲ့ပါသည်။ (၃-၉-၂၀၁၅)ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနာယကဒေါ်ထွေးထွေးညွန့်၊ ဒုတိယဥက္ကဋ္ဌဒေါ်မူမူဆွေ
နှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည်   ခွဲစိတ်ပြီးလူနာနှင့်ခွဲစိတ်မည့်လူနာများကိုသွားရောက်ကြည့်ရှု
အာပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့်အာဟာရပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ စုစုပေါင်း တန်ဘိုးမှာ (၁,၈၁၃,၅oo/) ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။