မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည်၂၀၁၀ခုနှစ်မှစ၍ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများသို့ကွင်းဆင်းကာ ပြည်သူလူထုအခြေပြု ရွေ့လျားကျန်းမာရေး ဆေးခန်းကိုဖွင့်လှစ်၍ ကျန်းမာရေးပညာပေးဟောပြောခြင်း၊ ကိုယ်ဝန်ဆောင်နှင့် သက်ကြီးရွယ်အို များအား ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပံ့ပိုးပစ္စည်းများလှူဒါန်းခြင်း၊ မျက်စိနှင့်သွားကျန်းမာရေး စောင့်ရှောက်မှုပေး ခြင်းတို့ကို တစ်လတစ်ကြိမ် ပုံမှန်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တွဲဖက်အတွင်းရေးမှူး(၁)ဒေါက်တာဂျိုဂျိုစန်းနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာ လှလှကြည်နှင့် ပျဉ်းမနားကုတင်(၂၀၀)ဆံ့ဆေးရုံမှ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ၊မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ကလေးအထူးကုဆရာဝန်ကြီးများ၊   နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးမှသွားဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးအဖွဲ့၊   နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့်အတွင်းရေးမှူး၊ဒက္ခိဏသီရိခရိုင်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ပျဉ်းမနားမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ပျဉ်းမနားမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် လက်ထောက် ဆရာဝန်များ၊ဆရာ/ဆရာမများမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း  မေတ္တာစမ်းရေဆေးခန်းမှတာဝန်ခံဆရာဝန်ကြီးနှင့်ဆရာဝန် များလိုက်ပါလျက်၂၀၁၅ခုနှစ်၊ဒီဇင်ဘာလ (၁၉)ရက်နေ့တွင် နေပြည်တော်၊ပျဉ်းမနားမြို့နယ်၊သစ်လေးလုံးကျေးရွာသို့ ရွေလျေားကျန်းမာရေးဆေးခန်းအစီအစဉ်ကို သွားရောက်ဆောင်ရွက်ခဲ့ ပါသည်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတွဲဖက်အတွင်းရေးမှူး(၁)ဒေါက်တာဂျိုဂျိုစန်းမှအမှာစကားပြောကြာပြီးလက်ထောက်ဆရာဝန်ဒေါက်တာသက်နိုင်ဦးမှ ရာသီအလိုက်ဖြစ်ပွားတတ် သောရောဂါများအကြောင်းနှင့်ကလေးများတွင် အဖြစ်များသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများအကြောင်း’ကို အသိပေးပြောကြားခဲ့ပါသည်။ထို့နောက်အဘိုးအဘွားများကိုအားဆေးနှင့်အာဟာရများကိုလည်းကောင်း၊ကိုယ်ဝန်ဆောင်မိခင်များ ကို တစ်ခါသုံးမွေးအိတ်၊ အိုင်အိုဒင်းဆားနှင့်ဆပ်ပြာများကိုလည်းကောင်း၊  ကျေးရွာစာကြည့်တိုက်အတွက်မေတ္တာစမ်းရေမဂ္ဂဇင်းများကိုလည်းကာင်းလှူဒါန်းခဲ့ပါသည်။ 
ဆက်လက်၍ မေတ္တာစမ်းရေဆေးခန်းတာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာစမ်းစမ်းလှိုင်နှင့်အဖွဲ့မှ “ရွေ့လျားကျန်းမာရေးဆေးခန်းဖွင့်လှစ်ရခြင်းနှင့်       ကိုယ်ဝန်ဆောင်စနစ်တကျစောင့်ရှောက်မှုခံယူရန်အရေးပါမှု၊ကျွမ်းကျင်သူများဖြင့်မွေးဖွားရန်အကြောင်းကိုလည်းကောင်းရှင်းလင်း၍ ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး၊ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်လက်ထောက်ဆရာဝန်များမှ ကျေးရွာအတွင်းရှိလူငယ်များကိုပျိုရွယ်သူကျန်းမာရေးအသိပညာပေးဆွေးနွေးခြင်းများနှင့်လူကုန်ကူးခြင်းဆိုင်ရာ သိကောင်းစရာများကိုလည်းဟောပြောခဲ့ပါသည်။ကိုယ်ဝန်ဆောင်(၂၄)ဦး၊ သက်ကြီးဘိုးဘွား(၁၁၃)ဦး၊ မျက်စိလူနာ(၆၂)ဦး၊သွားနှင့်ခံတွင်းလူနာ(၁၅)ဦးနှင့် အထွေထွေလူနာ(၁၀၀)ဦး၊ ကလေးလူနာ(၁၆)ဦးနှင့် ခွဲစိတ်မည့်လူနာ(၁၃)ဦး၊ စုစုပေါင်း(၃၄၃)ဦးတို့ကို ကြည့်ရှု့ စစ်ဆေးကုသပေးခဲ့ပြီး ညွှန်းပို့ရန်လိုအပ်သောလူနာ
များကို   နီးစပ်ရာကျန်းမာရေးဌာနသို့ညွှန်းပို့ခြင်းနှင့်   ချို့တဲ့လူနာများကိုထောက်ပံ့ခြင်းများကိုလည်းဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။