မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ရှစ်ကြိမ်မြောက်အာရှပစိဖိတ်ဒေသမျိုးဆက်ပွား ကျန်းမာရေးနှင့်အခွင့်အရေးဆိုင်ရာညီလာခံအောင်မြင်စွာကျင်းပနိုင်ရေးအတွက် 5th International Steering Committee အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ရှစ်ကြိမ်မြောက်အာရှပစိဖိတ်ဒေသမျိုးဆက်ပွား ကျန်းမာရေးနှင့်အခွင့်အရေးဆိုင်ရာညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတကာအဆင့်ဦးစီးကော်မတီ၏  (၅)ကြိမ်မြောက်   5th International   Steering Committee (5th ISC) အစည်းအဝေးကို (၁၀-၁၂-၂၀၁၅)ရက်နေ့မှ (၁၁-၁၂-၂၀၁၅)ရက်နေ့ အထိ နေ့စဉ် နံနက် (၀၉:၀၀)နာရီမှ(၁၇:၀၀)နာရီအထိ    အသင်းရုံးဗဟိုအလုပ်အမှုဆောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့  အမျိုးသားအဆင့် အကြံပေးအဖွဲ့     (National Advisory Group )မှ  ကျန်းမာ ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာသိန်းသိန်းဌေးနှင့်    မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကများ၊ အသင်းဥက္ကဌ ဒေါ်သဇင်နွယ်နှင့်တာဝန်ရှိ ပုဂ္ဂိုလ်များ၊  ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ညီလာခံ အောင်မြင်စွာ  ကျင်းပနိုင်ရန်အတွက်  ကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီးသော လုပ်ငန်းများကို   သက်ဆိုင်ရာတာဝန်ရှိသူများမှ    အသီးသီးတင်ပြခြင်း၊   နိုင်ငံတကာအဆင့်လူငယ်ကော်မတီ(Youth   International Steering Committee )မှ  ညီလာခံတွင်   ဆောင်ရွက်သွားမည့်    လူငယ်အစီအစဉ်ကို တင်ပြ အတည်ပြုချက် ယူခြင်း၊၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်မှ(၂၆)ရက်ထိ   ကျင်းပမည့်ညီလာခံ  အစီအစဉ် အသေးစိတ် ကို ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြပြီး  ၆ ကြိမ်မြောက် ISC အစည်းအဝေးကို  ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင်ကျင်းပသွာရန် သဘောတူခဲ့ကြောင်း သိရှိရပါသည်။  
ဖော်ပြပါ 5th ISC Meeting မကျင်းပမီ  (၇-၁၂-၂၀၁၅)ရက်နေ့တွင်  နည်းပညာဆိုင်ရာ  လုပ်ငန်းအဖွဲ့ခွဲ ဘာသာရပ်ဆိုင်ရာအစည်းအဝေး (10 th Scientific Committee Meeting )ကိုလည်းကောင်း၊  (၈-၁၂-၂၀၁၅) ရက်နေ့တွင်  ပြည်တွင်းလူငယ်များအဖွဲ့အစည်းအဝေး( 6th  Local  Organizing  Committee   Meeting)  ကိုလည်းကောင်း၊    (၉-၁၂-၂၀၁၅) ရက်နေ့တွင် နိုင်ငံတကာအဆင့်လူငယ်များ  ဦးစီးကော်မတီ အစည်းအဝေး(3rd Youth International Steering Committee Meeting )ကိုလည်းကောင်း အသင်းရုံး  ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးခန်းမ၌ပင်  ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။