မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ နေပြည်တော်ပြည်ထောင်စုနယ်မြေရှိ အင်းသာ ဘုန်းကြီးကျောင်းနှင့်အမက(အင်းသာ)စာသင်ကျောင်းပြင်ဆင်ခြင်းတို့အတွက် ထောက်ပံ့လှူဒါန်း ငွေပေးအပ်ပွဲအခမ်းအနား

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ဇေယျာသီရိ မြို့နယ်ရှိ အင်းသာဘုန်းကြီးကျောင်းနှင့်အမက(အင်းသာ)စာသင်ကျောင်းပြင်ဆင်ရန်အတွက်၂၀၁၆ခုနှစ်၊ မတ်လ (၂၂)ရက် နံနက်(၁၀:၀၀)နာရီတွင် အင်းသားဘုန်းတော်ကြီးကျောင်းတွင် အလှူငွေပေးအပ်ပွဲ ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှ အင်းသာဘုန်းကြီးကျောင်းမျက်နှာကျက်ပြင်ဆင်ရန်အတွက် အလှူငွေ (၆၂၅၁၅၀ဝိ/)ကို အင်းသာကျောင်းဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ အမက(အင်းသာ)စာသင်ကျောင်းပြင်ဆင်ရန်အတွက် လှူဒါန်းငွေ (၂၅၉၀၆၀ဝိ/)ကို ခရိုင်ပညာရေးမှူးထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။