မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် ဖန်စီအိတ်ထိုးနည်းသင်တန်းအမှတ်စဉ်(၁/၂၀၁၅)ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် မိသားစုများ၏၀င်ငွေတိုးတက်စေရန် ရည်ရွယ်၍ဖွင့်လှစ်သော ဖန်စီအိတ်ထိုးနည်းသင်တန်းအမှတ်စဉ်(၁/၂၀၁၅)ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ မေလ(၂၆)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိမြို့နယ်များမှ  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌများ၊ သင်တန်းဆရာမများ၊ သင်တန်းသူများ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်သဇင်နွယ်မှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါသင်တန်းကို မေလ(၂၆)ရက်နေ့မှ မေလ(၂၈)ရက်နေ့အထိ သုံးရက်ကြာဖွင့်လှစ်ပို့ချမည်ဖြစ်ကာ သင်တန်းသူစုစုပေါင်း(၂၄)ဦး တက်ရောက်ကြောင်း သတင်းရရှိခဲ့ပါသည်။