မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ပြည်သူလူထုအခြေပြုတီဘီဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ခြင်းစီမံချက်နှစ်ပတ်လည် အကဲဖြတ်ဆန်းစစ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန (အမျိုးသားတီဘီ  ရောဂါတိုက်ဖျက်ရေးစီမံကိန်း)နှင့်Global Fund တို့ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြုတီဘီဝေဒ နာရှင်များအား   ပြုစုစောင့်ရှောက်ခြင်းစီမံချက်နှစ်ပတ်လည် အကဲဖြတ်ဆန်းစစ်ခြင်း (Annual  EvaluationMeeting   on  Community  Based TB Care Project   ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ခုနှစ်အောက်တိုဘာလ (၂၀)ရက် နံနက်(၉:၀၀)နာရီတွင်နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ   မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကများ၊ဥက္ကဌနှင့်ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ စီမံချက်ဝင်တိုင်းဒေသကြီး၊ ပြည်နယ်နှင့်နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှအဖွဲ့ဝင်များ၊တိုင်းဒေသကြီး၊ပြည်နယ်နှင့်နေပြည်တော် အမျိုးသားTB ရောဂါတိုက်ဖျက်ရေးဆိုင်ရာ ဆရာဝန်ကြီးများ၊ စီမံချက်ဝင်မြို့နယ်များမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့်စေတနာ့ဝန်ထမ်း အသင်းဝင်များ၊ဖိတ်ကြားထားသော  ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက ဒေါ်ထွေးထွေးညွန့်က အဖွင့်အမှာစကားပြောကြားပြီး ဒေါက်တာသန္တာလွင် (ညွန်ကြားရေးမှူး၊ ရောဂါနှိမ်နင်းရေး) ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်အကြောင်းကို ရှင်းလင်းပြောကြားပါသည်။ 
    ဆက်လက်၍ ဆြေးနြေးပြဲကို ကျင်းပရာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်သဇင်နွယ်က မိတ်ဆက်စကားပြောကြားခဲ့ပါသည်၊ ထို့နောက် ဒေါက်တာဝင်းမောင်  (WHO,National Technical Officer)က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အမျိုးသားတီဘီ ရောဂါတိုက်ဖျက်ရေး စီမံချက်မှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာစည်သူအောင်ကစီမံချက်အကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်၊
ဆက်လက်၍ မြန်မာနိုင်ငံမိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဒေါက်တာသက်နိုင်ဦးက  Community Based TB Care လုပ်ငန်း အကြောင်းကိုရှင်းလင်းပြောကြားပြီး၊စီမံချက်ဝင်  တိုင်းဒေသကြီး၊ပြည်နယ် နှင့်နေပြည်တော်တီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်းမှဆရာဝန်ကြီးများကလုပ်ငန်းဆောင်ရွက်မှုများကို တင်ပြ ဆွေးနွေးခဲ့ကြပါသည်၊ ၄င်းနောက် အုပ်စုလိုက်ဆွေးနွေးခြင်းများပြုလုပ်ခဲ့ပြီး၊ဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။