မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ (၂၀၁၅-၂၀၁၆) ပညာသင်နှစ်တွင် စာမေးပွဲဖြေဆိုမည့်ကျောင်းသား/သူများကို ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနား

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ် အ-မ-က (ကျားကူး)၊ မူလွန် (ကျောက်ခဲအင်း)၊ အ-မ က(ကျွှဲတဲ)၊အ-မ-က (ချိုင်း)၊အ-လ-က (ခွဲ)ရွာသစ်၊ဇမ္ဗူသီရိမြို့နယ် မူလွန် (၂၅)၊ မူလွန်(၃)၊ မူလွန်(အလျင်လို)၊ပျဉ်းမနားမြို့နယ် အ-မ-က (ကျီးဖြူရိုး)၊မူလွန် (မြို့သစ်)၊ လယ်ဝေး မြို့နယ် အ-မ-က (၀က်လက်)၊ အ-မ-က (တံတားဦး)၊အ-မ-က (လက်ပံခုန်)၊ဥတ္တရသီရိမြို့နယ် မူလွန် (ဂေေးချို)၊ အ-မ-က (ဂွေးပင်ရိုး)၊အ-မ-က(ခွဲ)အောင်လံ၊ပုပ္ဗသီရိမြို့နယ် အ-မ-က (သာယာကုန်း)၊အ-မ-က ဂုံမင်းကွင်း၊အ-မ-က (အေးမေတ္တာစံ)၊ဇေယျာသီရိမြို့နယ် အ-မ-က (ချောင်းဖျား)၊အ-မ-က (အင်းသာ)၊တပ်ကုန်းမြို့နယ် အ-မ-က (သပြေသာ)၊မူလွန် (ညောင်ငါးပင်)တို့တွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအသုံးပြုရန်အတွက် စုစုပေါင်းငွေကျပ် (၂၁၃၃၈၄ဝိ/)တန်ဖိုးရှိသော ကျောင်းသုံး စာရေးကိရိယာများကို (၂၁-၁-၂၀၁၆)ရက်နေ့တွင် သက်ဆိုင်ရာခရိုင်အလိုက်ကျောင်းများ စုစည်း၍ သွား ရောက်လှူဒါန်းခဲ့ ပါသည်။
    အခမ်းအနားတွင်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက ဒေါ်ထွေးထွေးညွှန့် နှင့်ဥက္ကဌဒေါ်သဇင်နွယ်တို့က သက်ဆိုင်ရာခရိုင်အလိုက်ကျောင်းများတွင် လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး လှူဒါန်းပစ္စည်းများကို ဒက္ခိဏသီရိခရိုင်အတွင်းရှိ ကျောင်းပေါင်း(၁၃)ကျောင်းနှင့်  ဥတ္တရသီရိခရိုင်အတွင်းရှိ ကျောင်းပေါင်း(၁၀)ကျောင်း စုစုပေါင်း(၂၃)ကျောင်းမှကျောင်းအုပ် ဆရာ/ ဆရာမ ကြီးများနှင့် ကျောင်းသား/ကျောင်းသူများမှလက်ခံရယူပြီး ကျေးဇူးတင်စကားများပြန်လည် ပြောကြား ခဲ့ပါသည်။ အဆိုပါ ပညာရေးလှုပ်ရှားမှုအခမ်းအနားကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှနာယက၊ဥက္ကဌ၊ ဒုတိယဥက္ကဌ နှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊နေပြည်တော်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်သက်ဆိုင်ရာမြို့နယ်များရှိ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဌများ၊အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့်သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့်ဆရာ/ဆရာမများရပ်မိရပ်ဖများ၊ ကျောင်းသား/သူ များတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။