မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် Ipasအဖွဲ့တို့ပူး ပေါင်း၍ သားပျက်သားလျှောနှင့်ကိုယ်ဝန်ပျက်ကျခြင်းဆိုင်ရာ သတင်းအချက်အလက်များအား လူထုအကြား ဖြန့်ဝေခြင်းဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနား

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်Ipasအဖွဲ့   တို့ပူးပေါင်း၍ သားပျက်သားလျှောနှင့်ကိုယ်ဝန်ပျက်ကျခြင်းဆိုင်ရာ သတင်းအချက်အလက်များအားလူ ထုအကြား ဖြန့်ဝေခြင်းဆရာဖြစ်သင်တန်း  ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ(၂၁)ရက်နေ့ နံနက် (၉:oo)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊  သုခုမလမ်းရှိ   မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကများ၊ ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊   စီမံချက်ဝင်မြို့နယ်များမှ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်သင်တန်းသူများ စုစုပေါင်း (၅၀)ဦး တက်ရောက်ကြပါသည်။
ပထမဦးစွာ ဥက္ကဌ ဒေါ်သဇင်နွယ်မှအဖွင့်အမှာစကားပြောကြားပြီးဒေါက်တာသိင်္ဂီမြင့်၊ညွှန်ကြား ရေးမှူး(မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ)မှ  မိခင်နှင့်ကလေးသေနှုန်း ကျဆင်းရေးအတွက်ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်နေမှုအခြေအနေကိုလည်းကောင်း၊ဒေါက်တာနီနီ(CountryManager, Ipas) မှ စီမံချက်ပြုလုပ်ရခြင်းအကြောင်း ကိုလည်းကောင်း  ရှင်းလင်းပြောကြားခဲ့ပါသည်။   သင်တန်းကာလ မှ ဒီဇင်ဘာလ (၂၁)ရက်မှ (၂၃)ရက်ထိ (၃)ရက်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး နှင့်မကွေးတိုင်းဒေသကြီးတို့မှ သင်တန်းသူများ တက်ရောက်ကြောင်း သတင်းရရှိပါသည်။