မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏(၂၆)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ဒုတိယနေ့

 
နေပြည်တော် ။ မေလ(၁၂)ရက်။

 

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၂၆)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး ဒုတိယနေ့အစီအစဉ်အား ယနေ့နံနက်(၈:၃၀)နာရီတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေး ခန်းမတွင် ဆက်လက်ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာနုနုသာမှဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးမိခင်နှင့်ကလေး   စော့င်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ (၂၀၁၅)ခုနှစ် နှစ်ချုပ်အစီရင်ခံစာများကို ဖတ်ကြားတင်သွင်းကြရာ သဘာပတိမှလိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပါသည်။
ယင်းနောက် သုတေသနစာတမ်းများဖတ်ကြားတင်သွင်းခြင်း အစီအစဉ်ကို ဆက်လက် ကျင်းပရာ သဘာပတိအဖြစ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့် ကဆောင်ရွက်ပြီး ပြည်နယ်/တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ သုတေသနစာတမ်းများကို ဖတ်ကြားတင်သွင်းကြရာ သဘာပတိမှ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အစည်းအဝေး ဒုတိယနေ့အစီအစဉ်များအား ညနေ(၄:၀၀)နာရီတွင် ရပ်နားခဲ့ကြောင်း သတင်းရရှိပါသည်။