မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၂၆) ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးတတိယနေ့


 
နေပြည်တော် ။ မေလ(၁၃)ရက်။
 
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၂၆)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေး တတိယနေ့အစီအစဉ်အား ယနေ့နံနက်(၈:၃၀)နာရီတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေး ခန်းမတွင် ဆက်လက်ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် သဘာပတိအဖြစ် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာနုနုသာက ဆောင်ရွက်ခဲ့ပြီးတက်ရောက်လာသော ပြည်နယ်/တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်ရေး အဖွဲ့ နာယကများ၊ ဥက္ကဋ္ဌများ၊ ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူးများမှ အကြံပြုချက်များ ဆွေးနွေးတင်ပြကြပါသည်။ အကြံပြုချက်နှင့် အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ်တွင်မူတည်၍ ရှေ့လုပ်ငန်းစဉ်များအား ချမှတ်အတည်ပြုခဲ့ကြပါသည်။ ယင်းနောက်  ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် အသင်း၏လုပ်ငန်းများဆောင်ရွက်ရန် အသင်းဗဟိုမှ စုစုပေါင်း(၈၃၅)သိန်း ထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် အသင်းဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ(၀၃:၀၀)နာရီတွင် ရပ်နားခဲ့ကြောင်း သတင်းရရှိပါသည်။