မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း စမတောင် ပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယျာဉ်သို့ သွားရောက်ပြီး ပျိုရွယ်သူကျန်းမာရေးအသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ခြင်းနှင့်အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနား

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ နာယက၊ဥက္ကဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် များသည် နေပြည်တော်၊ လယ်ဝေးမြို့နယ်ရှိ စမတောင်ပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယျာဉ်သို့  ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့ နေ့လည်(၂:၀၀)နာရီတွင် သွားရောက်ပြီး ပျိုရွယ်သူကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်ခြင်းနှင့်အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနား  ဆောင်ရွက်ခဲ့ပါသည်။
    အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကဒေါ်ထွေးထွေးညွှန့်၊ ဥက္ကဌနှင့်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များ၊မေတ္တာစမ်းရေဆေးခန်း တာဝန်ခံဆရာဝန်ကြီး၊ IPPF Project မှ အမှုဆောင်ညွှန်ကြားရေးမှူးနှင့်လက်ထောက်ဆရာဝန်များ၊ လယ်ဝေးမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ တက်ရောက်ခဲ့ပါသည်။ အခမ်းအနား ပထမပိုင်း အစီအစဉ်တွင်  အသင်းဥက္ကဌ ဒေါ်သဇင်နွယ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှ စမတောင် ပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယျာဉ် သို့  ငွေပဒေသာပင် သိန်း (၁၀၀)ကျပ်နှင့် ပျိုရွယ်သူအမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများ လှူဒါန်းခဲ့ပါသည်။
    ထို့နောက် အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို  ဆက်လက်ကျင်းပရာ နာယက၊ဥက္ကဌနှင့်ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများက စမတောင် ပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယျာဉ်မှ ကျောင်းသား/သူ များကို အဖွဲ့(၂)ဖွဲ့ခွဲ၍ တစ်ကိုယ်ရေသန့်ရှင်းရေး၊ပျိုရွယ်သူများ၏သဘောသဘာဝနှင့်ကျန်းမာရေး၊ HIV/AIDS၊ အာဟာရ၊မူးယစ်ဆေးဝါးများ(ရှောင်ကြဉ်ရန်)၊ မတော်တဆထိခိုက်ဒဏ်ရာရခြင်း နှင့်ဆယ်ကျော်သက်ကိုယ်ဝန် ဆောင်ခြင်း၏အန္တရာယ်ခေါင်းစဉ်များဖြင့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။