မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း (၂၆)ကြိမ်မြောက် နှစ်ပတ်လည်ဂုဏ်ပြုအလှူငွေပေးအပ်ပွဲအခမ်းအနားပြုလုပ်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၂၆)ကြိမ်မြောက်နှစ်ပတ်လည် ဂုဏ်ပြုအလှူငွေပေးအပ်ပွဲအခမ်းအနားကို ၂၀၁၆ခုနှစ်၊ဧပြီလ (၂၇)ရက်နေ့ နံနက် (၁၀:၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ   မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယက၊ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှဖိတ်ကြားထားသောဧည့်သည်တော်များ၊ မြန်မာ နိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်ဘ၀မြှင့်တင်ရေးအသင်း ဥက္ကဌ၊အဖွဲ့ဝင်များနှင့်အလှူရှင်များ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် မြန်မာနိုငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါက်တာနုနုသာက   နှုတ်ခွန်းဆက်  ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် နာယက၊ ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက အလှူရှင်များ၏ အလှူငွေများ၊ဆေးနှင့်ဆေးပစ္စည်းများကိုလက်ခံ ကြကာဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူး ဒေါ်တင်တင်ဝင်းက မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ လှုပ်ရှားဆောင်ရွက်မှုများ ကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ အလှူရှင်များထံမှ (လှူဒါန်းငွေစုစုပေါင်း ၁၉၆၀၈၀၀ဝိ/နှင့် US$ 100၊(၂၀၄၈၀ဝိ/)တန်ဘိုးရှိသော ဆေးနှင့်ဆေးပစ္စည်းများ)လက်ခံရရှိခဲ့ပြီး လှူဒါန်းရရှိသည့်ငွေ၊ဆေးနှင့်ဆေးပစ္စည်းများကိုမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ပြည်သူလူထုအကျိုးပြုလုပ်ငန်းများဆောင်ရွက်ရာတွင်အသုံးပြုသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။