မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီးသို့ကွင်းဆင်းလေ့လာခြင်း

  
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာနုနုသာနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ စီမံချက်တာဝန်ခံတို့လိုက်ပါ၍ ပဲခူးတိုင်းဒေသကြီးသို့ (၂၉-၄-၂၀၁၆)ရက်နေ့တွင် သွားရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး   တိုင်းဒေသကြီးအဆင့်ညှိနှိုင်းဆွေနွေးပွဲကို  ကျင်းပပြုလုပ်ခဲ့ရာ  ဥက္ကဋ္ဌမှ  အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသော ပဲခူးတိုင်းဒေသ ကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ခရိုင်ဥက္ကဋ္ဌများ၊ မြို့နယ်ဥက္ကဋ္ဌနှင့်စေတနာ့ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်မှုနှင့်ပတ်သက်၍ တွေ့ကြုံနေရ  သောအခြေအနေများကိုတင်ပြကြရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးး ဒေါက်တာအေးအေးငြိမ်းနှင့် စီမံချက်တာဝန်ခံ ဒေါက်တာသက်နိုင်ဦးတို့မှ ပြန်၍ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်၍ အတွင်းရေးမှူး(ဗဟို)မှ ဥပဒေအရ သတ်မှတ်ထားသော အသင်းဖွဲ့စည်းပုံအဆင့်ဆင့်နှင့် အသင်းလုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ 
မွန်းလွဲပိုင်းတွင် ဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ပဲခူးတိုင်းဒေသကြီးအသင်းပိုင်သားဖွားခန်းသို့သွားရောက်ကြည့်ရှု့ပြီး ကိုယ်ဝန်ဆောင်များကို အာဟာရ၊ တစ်ခါသုံးမွေးအိတ်များနှင့် အနှီးပိတ်များ ထောက်ပံ့ပေးအပ်ခြင်း ဟင်္သာကုန်းနှင့်ကလျာဏီ အသင်းပိုင် မူကြိုကျောင်းသို့လည်းသွားရောက်၍ ဖြည့်စွက်အစာကျွေးမွေးရန် ငွေ(၁၀၀၀၀ဝိ/)ကျစီ ထောက်ပံ့ လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။