မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အသေးစားချေးငွေ ထပ်မံပေးအပ်ခြင်း နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၁/၂၀၁၆) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်။

 

      မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ     မိသားစုများ၏ ၀င်ငွေတိုးလုပ်ငန်းအစီ အစဉ်အတွက်  ရည်ရွယ်ဖွင့်လှစ်သော အဆင့်မြင့်စက်ချုပ်သင်တန်း (၁/၂၀၁၆) ဆင်းပွဲအခမ်းအနားကို နိုဝင်ဘာလ (၄)ရက်နေ့ နေ့လည် (၂း၀၀)နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိမြန်မာနိုင်ငံမိခင် နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။

              အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌဒေါက်တာနုနုသာနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင် များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိမြို့နယ်များမှမိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည်သည့်တော်များ၊ သင်တန်းနည်းပြဆရာမများ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်နှင့်လယ်ဝေးမြို့နယ်များမှ  သင်တန်းသူများတက်ရောက်ခဲ့ကြပြီး   သင်တန်းဆင်းအမှာစကားကို ဥက္ကဋ္ဌမှ ပြောကြားခဲ့ပါ သည်။   

           ဆက်လက်၍  သင်တန်း တွင်ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့်နှစ်သိမ့်ဆုရရှိသောသင်တန်းသူ(၅)ဦးကိုဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၀င်များက ဆုများအသီးသီးပေးအပ်ခဲ့ပြီး သင်တန်းဆင်း လက်မှတ်များ ကိုလည်း ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

        ထို့နောက် သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုလက်ဆောင်များချီးမြှင့်ပေးအပ်ပြီးနောက် သင်တန်းသူများကိုယ်စားသင်တန်းသူတစ်ဦးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသို့ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ    ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ် များမှ သင်တန်းသူစုစုပေါင်း (၄၃)ဦးတက်ရောက်ခဲ့ပြီး ၄င်းသင်တန်းကို ၂၀၁၆ခုနှစ် စက်တင်ဘာလ(၂၀) ရက်နေ့မှ နိုဝင်ဘာလ (၄)ရက်နေ့အထိ (၄၅)ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပါသည်။ သင်တန်းဆင်းသူများအား သက်ဆိုင်ရာ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအလုပ်အမှုဆောင်များမှ   ၄င်းတို့၏တက်မြောက် ထား သာ ပညာအားပြန်လည်အသုံးချမှုကို  (၃)လ စောင့်ကြပ်ကြည့်ရှုမှုပြုပြီး အပ်ချုပ်စက်များ အရစ် ကျငွေပေးချေသောစနစ်ဖြင့် ရောင်းချပေးခြင်းဖြင့်   မိသားစုဝင်ငွေပိုမိုရရှိအောင်  ပံ့ပိုးဆောင်ရွက် သွားမည်  ဖြစ်ပါသည်။ 
     
          ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ နေပြည်တော်ပြည်ထောင်စု နယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်သို့   တစ်မြို့နယ်လျှင် (၅)သိန်းကျပ်စီဖြင့်  အသေးစားချေးငွေ လုပ်ငန်းဆောင်ရွက်ရန် ဒုတိယအကြိမ် ထပ်မံထောက်ပံ့ပေးခဲ့ပါသည်။ ထို့နောက် အသင်းပိုင်မူ ကြိုကျောင်းများအတွက် သွားတိုက်တံနှင့်သွားတိုက်ဆေးများကို IPPF ဌာနမှအမှုဆောင် ညွန်ကြားရေးမှူး ဒေါက်တာကိုကိုမော်မှ ထောက်ပံ့လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ဧည်သည်တော်များသည်သင်တန်းသူများ
ချုပ်ထားသောအ၀တ်အထည်များကိုလှည့်လည်ကြည့်ရှုခဲ့ပါသည်။