မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ နေပြည်တော် ပြည်ထောင်စုနယ်မြေရှိ အင်းသာဘုန်းကြီးကျောင်းနှင့်အမက (အင်းသာ) စာသင် ကျောင်းရေစက်ချပွဲနှင့်တပ်ကုန်းမြို့နယ်အတွင်းရေကြီးနစ်မြုပ်နေရာများသို့ သွားရောက်လှူဒါန်းခြင်း (၂ - ၉ -၂၀၁၆)

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။





 


        မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ နေပြည်တော်   ပြည်ထောင်စုနယ်မြေ၊ဇေယျာသီရိမြို့နယ်ရှိ  အင်းသာဘုန်းကြီးကျောင်းမျက်နှာကျက်နှင့်ကျောင်းဆောင်အသစ် တိုးချဲ့ရန်အတွက်အလှူငွေ(၆၂)သိန်းကိုပေးအပ်လှူဒါန်းခဲ့ပါသည်။ ကျောင်းရေစက်ချလှူဒါန်း ပွဲအခမ်း အနားကို ၂၀၁၆ခုနှစ်၊စက်တင်ဘာလ(၂)ရက်နေ့ နံနက် (၁၀း၀၀)နာရီတွင် အင်းသာဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ပါသည်။အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်များမှ  သွားရောက်ခဲ့ပြီး တိုးချဲ့ ကျောင်းဆောင်အားရေစက်ချလှူဒါန်းပေးအပ်ခဲ့ပါသည်။      ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များမှ ရေကြီးနစ်မြုပ်နေသော တပ်ကုန်းမြို့နယ် လက်ပံအိုင်ကျေးရွာသို့သွားရောက်ခဲ့ပြီး လက်ပံအိုင်ကျေးရွာနှင့်သံပုရာကုန်းကျေးရွာများတွင် စက်ရေတွင်းတူးဖော်ရန်အတွက် စက်ရေတွင်း (၁)တွင်း (၃၅)သိန်းကျပ်ဖြင့် (၂)တွင်းအတွက် ငွေကျပ်သိန်း(၇၀) ပေးအပ်လှူဒါန်းခဲ့ပါသည်။