မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်း

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်။
 

      မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူးအဖွဲ့၊နေပြည်တော် ကုတင် (၃၀၀)မှ မျက်စိအထူးကုဆရာဝန်ကြီးများ၊နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးမှသွားဘက်ဆိုင်ရာအထူးကုဆရာဝန်ကြီးအဖွဲ့၊   တပ်ကုန်းမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင် များ၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမေတ္တာစမ်းရေဆေးခန်းမှတာဝန်ခံဆရာဝန်ကြီး နှင့်ဆရာဝန်များလိုက်ပါလျက်၂၀၁၆ခုနှစ်၊စက်တင်ဘာလ(၂၅)ရက်နေ့တွင်နေပြည်တော်၊  တပ်ကုန်းမြို့နယ်၊ကင်ပွန်းတန်းအုပ်စု၊ခြုံကြီးကျေးရွာသို့သွားရောက်ကာ ရွေ့လျားကျန်းမာရေးဆေးခန်းကို ဆောင် ရွက်ခဲ့ပါသည်။
                    ပထမဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးဒေါ်တင်တင်ဝင်း မှ အမှာစကားပြောကြားပြီး၊လက်ထောက်ဆရာဝန်ဒေါက်တာခိုင်နွယ်ဟန်မှ “ Zika’’    ရောဂါအကြောင်း  ကိုလည်းကောင်း၊  ဒေါက်တာစမ်းစမ်းလှိုင်မှ “ရွေ့လျားကျန်းမာရေးဆေးခန်းဖွင့်လှစ်ရခြင်းနှင့် ကိုယ်ဝန်ဆောင်စနစ် တကျ စောင့်ရှောက်မှုခံယူရန်အရေးပါမှု၊ ကျွမ်းကျင်သူများဖြင့် မွေးဖွားရန်’’ အကြောင်းကို လည်းကောင်း၊ပြည်ထဲရေး ၀န်ကြီးဌာနမှ ရဲမှူး မင်းနိုင်မှ “ လူကုန်ကူးခြင်းဆိုင်ရာသိကောင်းစရာများ ’’ အကြောင်းကိုလည်းကောင်း၊ IPPF စီမံချက်မှတာဝန်ရှိသူများမှ     ပျိုရွယ်သူကျန်းမာရေး အသိပညာပေး ခြင်းကိုလည်းကောင်း၊ အသီးသီးကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။   ဟောပြောပွဲတွင် သက်ကြီး ဘိုးဘွားများ ကိုယ်ဝန်ဆောင်များ၊လူငယ်များအပါအ၀င် ကျေးရွာရပ်ကွက်မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ပါသည်။ ထို့နောက် အဘိုးအဘွားများကို အားဆေးနှင့်အဟာရဖြစ်စေသော
အစားအစာများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို တစ်ခါသုံးမွေးအိတ်၊ အိုင်အိုဒင်းဆားနှင့် ဆပ်ပြာများကို လည်းကောင်း ၊ကျေးရွာစာကြည့်တိုက် အတွက် မေတ္တာစမ်းရေမဂ္ဂဇင်းများကို လည်းကောင်း လှူဒါန်းခဲ့ပါသည်။   ဒုတိယပိုင်းတွင် ကျန်းမာရေး စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ကိုယ်ဝန်ဆောင် (၄၀)ဦး၊ သက်ကြီးဘိုးဘွား(၂၅၂)ဦး၊ မျက်စိ လူနာ(၇၃)ဦး၊ သွားနှင့်ခံတွင်းလူနာ (၃၂)ဦးနှင့် အထွေထွေလူနာ (၁၂၅)ဦး စုစုပေါင်း(၅၂၅)ဦး တို့ကိုကြည့်ရှု့စစ်ဆေးကုသပေးခဲ့ပြီး ညွှန်းပို့ရန် လိုအပ်သောလူနာများကို နီးစပ်ရာကျန်းမာရေးဌာနသို့  ညွှန်းပို့ခြင်းနှင့်ချို့တဲ့လူနာများကိုထောက်ပံ့ခြင်းများကိုလည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။