မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ကျန်းမာရေးနှင့်အားကစား ၀န်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ပြည်သူလူထုအခြေပြုရွေ့လျားကျန်းမာရေးဆေးခန်းဆောင်ရွက်ခြင်း

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်။
 

                  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူးအဖွဲ့၊နေပြည်တော် ကုတင် (၂၀၀)မှ မျက်စိအထူးကုဆရာဝန်ကြီးများ၊နေပြည်တော် ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးမှသွားဘက် 
ဆိုင်ရာအထူးကုဆရာဝန်ကြီးအဖွဲ့၊နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ဥတ္တရခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊  ဇေယျာသီရိမြို့နယ်မိခင်  နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များ၊  မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မေတ္တာစမ်းရေဆေးခန်းမှတာဝန်ခံဆရာဝန်ကြီး နှင့်လက်ထောက်ဆရာဝန်များလိုက်ပါလျက်၂၀၁၆ခုနှစ်၊အောက်တိုဘာလ(၂၂)ရက်နေ့တွင်  နေပြည်တော်၊ဇေယျာသီရိမြို့နယ်၊ခေတ်အေးကျေးရွာသို့သွား
ရောက်ကာ ရွေ့လျားကျန်းမာရေးဆေးခန်းကို ဆောင်ရွက်ခဲ့ပါသည်။
          ပထမဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးဒေါ်တင်တင်ဝင်း မှ အမှာစကားပြောကြားပြီး၊ လက်ထောက်ဆရာဝန်ဒေါက်တာသက်နိုင်ဦးမှ “Zika’’    ရောဂါအကြောင်း  ကိုလည်းကောင်း၊ဒေါက်တာစမ်းစမ်းလှိုင်မှ  “ရွေ့လျားကျန်းမာရေးဆေးခန်းဖွင့်လှစ်ရခြင်းနှင့်   ကိုယ်ဝန် ဆောင်စနစ်တကျစောင့်ရှောက်မှုခံယူရန် အရေးပါမှု၊ကျွမ်းကျင်သူများဖြင့် မွေးဖွားရန်’’ အကြောင်းကို လည်းကောင်း၊ ဒေါက်တာအိအိမောင်မှ နာတာရှည်ရောဂါများဖြစ်သော နှလုံး၊သွေးတိုး၊ဆီးချိုရောဂါများအကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူများမှ “လူကုန်ကူးခြင်းဆိုင်ရာသိကောင်းစရာများ ’’ အကြောင်းကိုလည်းကောင်း IPPF စီမံချက်မှတာဝန်ရှိသူများမှ     ပျိုရွယ်သူကျန်းမာရေးအသိ ပညာပေးခြင်းကိုလည်းကောင်း၊ အသီးသီးကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြပါသည်။  ဟောပြောပွဲတွင် သက်ကြီး ဘိုးဘွားများကိုယ်ဝန်ဆောင်များ၊လူငယ်များအပါအ၀င် ကျေးရွာရပ်ကွက်မှ တာဝန်ရှိ သူများတက်ရောက်ခဲ့ပါသည်။ ထို့နောက် အဘိုးအဘွားများကို အားဆေးနှင့်အဟာရဖြစ်စေသော အစားအစာများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များကို တစ်ခါသုံးမွေးအိတ်၊ အိုင်အိုဒင်းဆားနှင့် ဆပ်ပြာများကိုလည်းကောင်းလှူဒါန်းခဲ့ပါသည်။ ဒုတိယပိုင်းတွင် ကျန်းမာရေးစစ်ဆေးခြင်းများဆောင် ရွက်ခဲ့ရာ ကိုယ်ဝန်ဆောင် (၂၈)ဦး၊ သက်ကြီးဘိုးဘွား(၅၃)ဦး၊ မျက်စိ လူနာ(၈၄)ဦး၊ သွားနှင့်ခံတွင်းလူနာ (၄၃)ဦးနှင့် အထွေထွေလူနာ(၅၀)ဦးစုစုပေါင်း(၂၅၈)ဦး တို့ကိုကြည့်ရှု့စစ်ဆေး ကုသပေးခဲ့ပြီး ညွှန်းပို့ရန် လိုအပ်သောလူနာများကို နီးစပ်ရာ ကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်းနှင့် ချို့တဲ့လူနာများကိုထောက်ပံ့ခြင်းများကိုလည်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသတင်းရရှိပါသည်။