၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်။
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာ၊အမျိုးသား TBရောဂါတိုက် ဖျက်ရေးစီမံကိန်းနှင့် Global Fund တို့ပူးပေါင်းဆောင်ရွက်သည့် တိုင်းဒေသကြီးအဆင့် Community Based TB Care Project Evaluation Meeting (၈-၉-၂၀၁၇)
မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အမျိုးသား TB ရောဂါတိုက်ဖျက်ရေးစီမံကိန်းနှင့် Global Fund တို့ ပူးပေါင်းဆောင်ရွက်သည့် တိုင်းဒေသကြီးအဆင့် Community Based TB Care Project ၏ Evaluation Meeting အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်၊ နေ့လည် (၁:၀၀)နာရီတွင် နေပြည်တော်ကောင်စီ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာ၀န်ရှိသူများ၊ နေပြည်တော်ကောင်စီမိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့မှ အဖွဲ့၀င်များ၊ စေတနာ့၀န်ထမ်းအသင်း၀င်များ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ပါေမာကၡ ဒေါက်တာ စန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ စီမံချက်တာဝန်ခံ ဒေါက်တာသက်နိုင်ဦးက စီမံချက်အကြောင်း ရှင်းလင်းပြောကြားပြီး ဒေါက်တာမျိုးစုကြည် (နေပြည်တော် ဒုတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန) နှင့် ဒေါက်တာ စိုးစန္ဒာထွန်း (အဖွဲ့ခေါင်းဆောင်ဆရာဝန်၊ ပျဉ်းမနားတီဘီရောဂါတိုက်ဖျက်ရေးဌာန) တို့မှ တီဘီရောဂါတိုက်ဖျက်ရေး အခြေအနေကို တင်ပြဆွေးနွေးကြပါသည်။