မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၂၆)ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးကျင်းပခြင်း

    

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏(၂၆)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းရုံး အစည်းအဝေးခန်းမ၌ ၂၀၁၆ခုနှစ်၊ မေလ(၁၁)ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီးအခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကများ၊ ဗဟိုကောင်စီဝင်များ၊ အထူးဖိတ်ကြားထားသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ဇနီး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ  ၀န်ကြီးချုပ်များ၏ဇနီးများ၊ ကျန်းမာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေး သူငယ်များဘ၀မြှင့်တင်ရေးအသင်းတို့မှ နာယက၊ ဥက္ကဌ၊ အတွင်းရေးမှူးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂိုလ်များ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
 
  
ဖွင့်ပွဲအခမ်းအနားပြီးမြောက်ပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် ခင်းကျင်းပြသ ထားသော ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ပြုစုထားသော သုတေသနစာတမ်းများ၊ နှစ်ချုပ်အစီရင်ခံစာ များနှင့် အသင်း၏လှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများကို ကြည့်ရှု့လေ့လာကြပါသည်။
ထို့နောက် အစည်းအဝေးဒုတိယပိုင်း အစီအစဉ်ကိုနံနက်(၁၀း၃၀)နာရီတွင် ဆက်လက်ကျင်းပခဲ့ပြီး အစည်းအဝေးကို (၁၁-၅-၂၃၀၁၆)မှ(၁၃-၅-၂၀၁၆)ရက်နေ့အထိ (၃)ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။