မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တပ်ကုန်းမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းသို့ သွားရောက်ခြင်း

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။
 

(၁၄-၇-၂၀၁၆) ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌဒေါက်တာနုနုသာ နှင့် အတွင်းရေးမှူးအဖွဲ့တို့သည် နေပြည်တော်၊ တပ်ကုန်းမြို့နယ်သို့ သွားရောက်ကာ နေပြည်တော် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ဥတ္တရခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အသင်းအမှုဆောင်အဖွဲ့ဝင်များနှင့်တွေ့ဆုံခဲ့ပြီး မြို့နယ်အသင်း မှဆောင်ရွက်လျက်ရှိသော အသင်းလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးမေးမြန်းပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် အသင်းပိုင်သားဖွားခန်းနှင့် မူလတန်းကြို ကျောင်း သို့ သွားရောက်ကြည့်ရှုကာ လိုအပ်သည် များကို မှာကြားခဲ့ပါသည်။ သားဖွားခန်းတွင် လာရောက်မွေးဖွားသော ကိုယ်ဝန်ဆောင် မိခင်များအား ထောက်ပံ့နိုင်ရန် အတွက် တစ်ခါသုံးမွေးအိတ်နှင့် အနှီးပိတ်၊ အင်္ကျီများကိုလည်းကောင်း၊ သားဖွားဆရာမ များအတွက် သားဖွားဆရာမ၀တ်စုံများ ကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။