မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များသည် နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ဒိုးနွယ်ကျေးရွာ၌ ပြည်သူလူထု အခြေပြုအသိပညာပေးဆွေးနွေးခြင်းဆိုင်ရာ ရွေ့လျားကျန်းမာရေးဆေးပေးခန်းစီမံချက် ပြုလုပ်ခြင်း။ ( ၂၈.၈.၂၀၁၆ )

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်။






မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ပြည်သူလူထုအခြေပြု (ရွေ့လျား) ကျန်းမာရေးဆေးခန်းကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒိုးနွယ်ကျေးရွာ၌၂၀၁၆ခုနှစ်၊ သြဂုတ်လ၂၈ရက်နေ့တွင်ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှအတွင်းရေးမှူး ဒေါ်တင်တင်ဝင်း၊အတွင်းရေးမှူး(၁) ဒေါက်တာဂျိုဂျိုစန်း၊ အဖွဲ့ဝင် ဒေါက်တာမေစိုးဦး၊ IPPF ဦးဆောင်ညွှန်ကြားရေးမှူး ဒေါက်တာကိုကိုမော်၊ မေတ္တာစမ်းရေဆေးခန်းမှ ဆရာဝန်ကြီး ဒေါက်တာစမ်းစမ်းလှိုင် နှင့် အဖွဲ့ဝင်တို့ တက်ရောက်ခဲ့ကြပါသည်။ နေပြည်တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ သွားဆရာဝန်များအဖွဲ့၊ ကုတင် (၂၀၀) ပြည်သူ့ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်များနှင့်အဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ဆရာဝန် (၆) ဦး၊ သူနာပြု၊ သားဖွားနှင့် ၀န်ထမ်း (၄) ဦးတို့က ၀န်ဆောင်မှုပေးခဲ့ပါသည်။