မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသည် နေပြည်တော်ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင် ကုသလျက်ရှိသော နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ၊ ထိခိုက်ဒဏ်ရာများ၊ မီးလောင်ဒဏ်ရာများ၊ အခြားမွေးရာပါချို့ယွင်းချက်ရှိသော လူနာများကိုသွားရောက်ကြည့်ရှုထောက်ပံ့ခြင်း

၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်။

 

မန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် MDM Japan Plastic Surgery အဖွဲ့တို့ ပူးပေါင်း၍ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများ၊ ထိခိုက်ဒဏ်ရာများ၊ မီးလောင်ဒဏ်ရာများ၊ အခြားမွေးရာပါချို့ယွင်းချက်ရှိသော လူနာများကို စုစည်းပြီး နေပြည်တော်ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင် ၂၆.၆.၂၀၁၆ ရက်နေ့မှ ၂.၇.၂၀၁၆ ရက်နေ့အထိ ခွဲစိတ်ကုသမှုကို ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းမှ နာယက ဒေါ်ထွေးထွေးညွှန့်၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များသည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ နှုတ်ခမ်းကွဲ အာခေါင်ကွဲ နှင့်  အခြားမွေးရာပါချို့ယွင်းချက်ရှိသော လူနာ (၃၉) ဦးအတွက် တစ်ဦးလျှင် ၃၀၀၀ ကျပ်နှုန်းနှင့်လည်းကောင်း၊ ခွဲစိတ်ဆရာဝန်ကြီးများနှင့် အဖွဲ့အတွက် ချီးမြှင့်ငွေအဖြစ် ၅၃၀၀၀၀ ကျပ်တို့ကိုလည်းကောင်း စုစုပေါင်း ၁၇၀၀၀၀၀ ကျပ်တိတိတို့ကို ပေးအပ်လှူဒါန်းရာ နေပြည်တော်ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီး မှ  ဆေးရုံအုပ် ကြီး  ဒေါက်တာဖြူဖြူဝင်းနှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းမှ နာယက ဒေါ်ထွေးထွေးညွှန့်၊ အတွင်းရေးမှူး နှင့် အဖွဲ့ဝင်များသည် ခွဲစိတ်ပြီးလူနာများနှင့် ခွဲစိတ်မည့်လူနာများကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး အာဟာရဖြစ်စေမည့် အစားအစာများကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။