မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ''ရှေးဦးကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးရေး ဆိုင်ရာဝန်ဆောင်မှုပေးသူများအတွက်သင်တန်း'' အမှတ်စဉ်(၂/၂ဝ၁၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ရှေးဦးကလေးသူငယ်ပြုစုစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဝန်ဆောင်မှုပေးသူများအတွက်သင်တန်းအမှတ်စဉ်(၂/၂ဝ၁၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂ဝ၁၅ခုနှစ်ဇွန်လ(၁၅)ရက်နေ့နံနက်(၉းဝဝ)နာရီတွင် နေပြည်တော်၊ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ၊ဒုတိယဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတာဝန် ရှိသူများ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်သဇင်နွယ်မှ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ သင်တန်းများမှာ မွေးကင်းစမှ(၃)နှုစ်အရွယ်ကလေးပြုစုသူ သင်တန်းနှင့်မူကြိုဆရာမ အတတ်သင်တန်းများ ဖြစ်ပါသည်။ အဆိုပါသင်တန်းများကို (၁၅-၆-၂ဝ၁၅)ရက်နေ့မှ(၁ဝ-၇-၂ဝ၁၅) ရက်နေ့အထိရက်ပေါင်း (၂ဝ)ကြာဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်းနှင့်သင်တန်းသူ စုစုပေါင်း(၉၄)ဦးတက်ရောက် ကြောင်းသတင်းရရှိခဲ့ပါသည်။