မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ (၈)ကြိမ်မြောက်အာရှပစိဖိတ်ဒေသ မျိုးဆက်ပွားကျန်းမာရေးနှင့်အခွင့်အရေးဆိုင်ရာညီလာခံ ဆဌမအကြိမ်အမျိုးသားအဆင့်ဦးစီးကော်မတီအစည်းအဝေးကျင်းပခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ (၈)ကြိမ်မြောက်အာရှပစိဖိတ်ဒေသ မျိုးဆက်ပွား ကျန်းမာရေးနှင့်အခွင့်အရေးဆိုင်ရာညီလာခံကျင်းပရန် ဆဌမအကြိမ်အမျိုးသားအဆင့်ဦးစီးကော်မတီ အစည်း အဝေးကို ၂ဝ၁၅ခုနှစ်ဇွန်လ(၁၆)ရက် နံနက်(၉းဝဝ)နာရီတွင် အသင်းရုံးဗဟိုအလုပ်အမှုဆောင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါအစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာသိန်းသိန်းဌေး၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း နာယကများ၊ ဥက္ကဋ္ဌဒေါ်သဇင်နွယ်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်နေသော လှုမှုရေးအဖွဲ့အစည်းများ၊ဖောင်ဒေးရှင်းများ၊ ပညာရှင်များ၊တက်ရောက်ခဲ့ကြပြီး ဒုတိယဝန်ကြီးဒေါက်တာသိန်းသိန်းဌေးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ညီလာခံကျင်းပရေးအမျိုးသားအဆင့်ဦးစီးကော်မတီ ဥက္ကဋ္ဌမှကြိုဆိုနှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။ 
    ထို့နောက် 8th APCRSHR  အစီအစဉ်ညှိနှိုင်းရေးမှူးမှ (၅)ကြိမ်မြောက်အမျိုးသားအဆင့် ဦးစီးကော်မတီအစည်းအဝေးနှင့်(၃)ကြိမ်မြောက်နိုင်ငံတကာအဆင့်ဦးစီးကော်မတီ အစည်းအဝေးများမှ အကြံပြုချက်များကိုလည်းကောင်း၊သက်ဆိုင်ရာ Sub-comittee များ၏ တာဝန်ရှိသူများမှ ရှေ့ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်းကောင်းတင်ပြပြီး အတည်ပြုချက်များရယူခဲ့ကြပြီး အထွေထွေဆွေးနွေး ခြင်းများကို ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။