၂၀၁၅ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ

၂၀၁၅ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ(၂၆) ရက်၊ နံနက် (၉:၀၀)နာရီတွင်နေပြည်တော် ဒက္ခိဏသီရိမြို့၊  သုခုမလမ်းရှိမြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင်  ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်၊ ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များ ၊မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ နာယကများ၊ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ  နာယကများနှင့်ဒုတိယဥက္ကဌများ ၊မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘ၀ မြှင့်တင်ရေးအသင်းမှ ဥက္ကဌ ၊ဒုတိယဥက္ကဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီကြပ်ရေးအဖွဲ့မှ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊  ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့မှ   ဥက္ကဌများ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်(၈)ခုမှ မြို့နယ်မိခင်နှင့်ကလေး
စောင့်ရှောက်ရေးအသင်း ဥက္ကဌများနှင့်အတွင်းရေးမှူးများ၊ အသင်းဝင်များ၊ မူကြိုဆရာမများ၊ကိုယ်ဝန်ဆောင်မိခင်များ၊ငါးနှစ်အောက်ကလေးမိခင်များနှင့်ဖိတ်ကြားထားသောဧည်သည်တော်များတက်ရောက်ခဲ့ကြ ပါသည်။       
အခမ်းအနားအစီအစဉ်ပထမပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က  အာဟာရဖွံ့ဖြိုးရေးသည် အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်   အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို     ရည်မှန်းချက်များချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုသြဂုတ်လပထမပတ်တွင်    မိခင်နို့စနစ်တကျတိုက်ကျွှေးရေးရက်သတ္တပတ်၊ ဒုတိယပတ်အတွင်း ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များအာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်၊ တတိယပတ်နှင့်စတုတ္တပတ်တွင် အိုင်အိုဒင်းချို့တဲ့ရောဂါများပပျောက်ရေး ရက်သတ္တပတ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်းပြောကြားသည်။
ထို့နောက်    ပြည်ထောင်စုဝန်ကြီးနှင့်    မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက အခမ်းအနားသို့တက်ရောက်လာကြသည့် ကိုယ်ဝန်ဆောင်မိခင်များအား အိုင်အိုဒင်းဆား၊ တစ်ခါသုံးမွေးအိတ်၊ အားဆေးနှင့် အနှီးပိတ်များကို ထောက်ပံ့ပေးအပ်ပြီး အာဟာရလုပ်ငန်းလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ အား ကြည့်ရှလေ့လာကြသည်။
ယင်းနောက် ဒုတိယပိုင်းအစီအစဉ်အရ    မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း  ဥက္ကဌ ဒေါ်သဇင်နွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍   မေတ္တာစမ်းရေဆေးခန်း တာဝန်ခံဆရာဝန်ကြီး ဒေါက်တာစမ်းစမ်းလှိုင်က   မေတ္တာစမ်းရေးဆေးခန်းတွင် ကိုယ်ဝန်ဆောင်များကို အာဟာရယူနစ် များ ထောက်ပံ့ခြင်းနှင့် ပတ်သက်၍ရရှိစေသည့် အကျိုးသက်ရောက်မှုများကိုရှင်းလင်း  တင်ပြခဲ့ပါသည်။   ထို့နောက် အသင်းဝင်မျာ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ငါးနှစ်အောက်ကလေးမိခင် များကို အုပ်စု ဖွဲ့၍  “(၅)နှစ်အောက်ကလေး ဦးစားပေးအစာကျွေးမွေးရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း ၊“မိခင်  နို့ တိုက်ကျွှေးခြင်း၏အကျိုးကျေးဇူးများနှင့်ကြုံတွေ့ရသော ပြဿ     နာများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊  “ဂရုပြုကာကျွေးကြမယ်  နို့တိုက်ကိုယ်ဝန်သည်” ခေါင်းစဉ်ဖြင့်လည်းကောင်း ၊“ လုပ်ခွင်မပျက်  မိခင် နို့တိုက်ကျွေးနိုင်ဖို့ ကူညီစို့ ”ခေါင်းစဉ်များဖြင့်လည်းကောင်းအသီးသီး    စကားဝိုင်းဖွဲ့ ဆွေးနွေးခဲ့ ကြောင်း သတင်း ရရှိ ပါသည်။