၂၀၁၈ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့်အာဟာရ ဖွံ့ ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ကျင်းပ

၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်။

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ၂၀၁၈ခုနှစ်၊ သြဂုတ်လ(၁၅) ရက် နံနက် (၉:၀၀)နာရီတွင် နေပြည်တော်၊ဒက္ခိဏသီရိမြို့၊သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင်ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီး ဌာနမှတာ၀န်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်​ရှောက်ရေးအသင်းမှ ဥက္ကဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်၊ ဒုတိယဥက္ကဋ္ဌ(၁) ပါမောက္ခ ဒေါက်တာ မာလာဝင်း၊အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း၊ စာရင်းစစ် ဒေါက်တာခင်၀င်းသက်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ ချုပ်မှ ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အဖွဲ့၀င်များ၊မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဥက္ကဌ၊ မြန်မာနိုင်ငံအမျိုးသမီးများ နှင့်ကလေးသူငယ်များဘ၀မြှင့်တင်ရေးအသင်းမှ ဗဟိုလုပ်အမှုဆောင်အဖွဲ့၀င်များ၊ နေပြည်တော်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့မှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များ၊ပြည်ထောင်စုနယ်မြေနေပြည်တော် အတွင်းရှိမြို့နယ်(၈)ခုမှ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ မေတ္တာစမ်းရေဆေးခန်းတွင် (၃)ကြိမ်နှင့်အထက် လာရောက်ပြသပြီး သော ကိုယ်၀န်ဆောင်များနှင့် ၄င်းတို့၏ ခင်ပွန်းများနှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက် ခဲ့ကြပါသည်။

အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော် မှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ထို့နောက် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များနှင့်မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းမှတာ၀န်ရှိသူများကအခမ်းအနားသို့ တက်ရောက်လာကြသည့် ကိုယ်၀န်ဆောင်မိခင်များကို အိုင်အို ဒင်းဆား၊ကိုယ်ဝန်ဆောင်အားဆေး၊ အနှီးပိတ်များနှင့် အားဖြည့်ဆန်များကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ယင်းနောက် ဒုတိယပိုင်းအစီအစဉ်အရ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍အာဟာရပညာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးမြမြကျော်က “ဘဝရှေ့ဆောင် ရက်တစ်ထောင် အနာဂတ် အတွက်အလင်းရောင်”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့နောက် မေတ္တာစမ်းရေဆေးခန်း တွင်(၃)ကြိမ်နှင့်အထက် လာရောက်ပြသပြီးသော ကိုယ်၀န်ဆောင်များ၊နို့တိုက်မိခင်များနှင့်၄င်းတို့၏ ခင်ပွန်း များအားမိခင်နို့တိုက်ကျွေးခြင်းနှင့် အာဟာရအကြောင်းများနှင့် ပတ်သက်သော မေးခွန်းလွှာများကိုဖြေဆိုစေ ခဲ့ပြီးထူးချွန်စွာဖြေဆိုနိုင်သော ကိုယ်၀န်ဆောင်များ၊နို့တိုက်မိခင်များနှင့် ခင်ပွန်းများကို အသင်းဗဟိုဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုအဖွဲ့၀င်များက ပထမဆု၊ ဒုတိယဆုနှင့်တတိယဆုများ အသီးသီးပေးအပ်ခဲ့ကြောင်း သတင်း ရရှိခဲ့ပါသည်။