၂၀၂၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်း

                 မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို (၂၃-၇-၂၀၂၄)ရက်နေ့ နံနက် (၀၇ : ၃၀) နာရီအချိန်တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်း ရှိ မြန်မာနိုင်ငံမိခင်ကလေးစောင့်ရှောက်ရေးအသင်းရုံးဝန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
                 
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းရုံးဝန်ထမ်းများက ရတနာတန်းဝင်အပင် နှင့် နှစ်ရှည်စားပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။
            မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရးအသင်း၏ ၂၀၂၄ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း (၁၅၀)ပင် နှင့် စိန်တလုံးသရက်(၅၀)ပင် တို့ကို စိုက်ပျိုးခဲ့ပါသည်။

            ထို့နောက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို အသင်းရုံးရှိ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးခန်းမတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။