(၂၀၂၄-၂၀၂၅)ခုနှစ် ပညာသင်နှစ်အတွက် ပြည်တောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် အောင်ချမ်းသာ ဘုန်းတော်ကြီးသင် ပညာရေးကျေင်းသို့ စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခြင်းကို (23/8/2024)ရက်နေ့တွင်  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ် အောင်ချမ်းသာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်းခဲ့ကြပါသည်။
ပထမဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်စန်းမြင့်အောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စာရေးကိရိယာပစ္စည်းများအား လှူဒါန်းပေးအပ်ခဲ့ကြပါသည်။
ထို့နောက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/ကျောင်းသူများ၏ ကိုယ်စား ဆရာကြီးဦးမိုးအေးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။