(၂၀၂၄-၂၀၂၅)ပညာသင်နှစ် မေတ္တာစမ်းရေမူလတန်းကြိုကျောင်း မူကြိုကလေးငယ်များ၏ ကျောင်းဆင်းပွဲအခမ်းအနား ပြုလုပ်ကျင်းပခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) မေတ္တာစမ်းရေမူလတန်းကြိုကျောင်း ၏ (၂၀၂၄-၂၀၂၅)ပညာသင်နှစ် ကျောင်းဆင်းပွဲအခမ်းအနား ကို (၂၅-၃-၂၀၂၄) ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး ခန်းမ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ နေပြည်တော်ကောင်စီနယ်မြေ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊  နေပြည်တော်အတွင်းရှိ ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မေတ္တာစမ်းရေမူလတန်းကြိုကျောင်း မှ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ နှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ အခမ်းအနား၌ နိုင်ငံတော်သီချင်းဖွင့်လှစ်၍ အလေးပြုခဲ့ကြပါသည်။ ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားကာ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါသည်။
ဆက်လက်၍ အသင်း(ဗဟို) ဥက္ကဋ္ဌ မှ မူလတန်းကြိုကျောင်း ကျောင်းဆင်းကျောင်းသား/သူများ ကို ကျောင်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပေးခဲ့ပါသည်။ ထို့နောက် ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ က ကျောင်းဆင်းကျောင်းသား/ကျောင်းသူများ၊ တက်ရောက်လာကြသောဧည့်သည်တော် များနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
ဒုတိယပိုင်းအခမ်းအနားအစီအစဉ်များအနေဖြင့် မေတ္တာစမ်းရေမူလတန်းကြိုကျောင်းမှ သားငယ်/ သမီးငယ်လေးများက အကပဒေသာများနှင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။ အကပဒေသာများနှင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသော သားငယ်/သမီးငယ် စုစုပေါင်း (၆၄) ဦးတို့ကို မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များက မေတ္တာလက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြင့်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။