၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်း

           မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း ကို (၂၃-၆-၂၀၂၅)ရက်နေ့ နံနက် (၀၇ : ၀၀) နာရီအချိန်တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ သုခုမလမ်းရှိ မြန်မာနိုင်ငံမိခင်ကလေးစောင့်ရှောက်ရေးအသင်းရုံးဝန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
          အခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင် နှင့်အတူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းရုံးဝန်ထမ်းများက ရတနာတန်းဝင်ကျွန်းပင် (၁၅၀) ပင် နှင့် နှစ်ရှည်စားပင်ဖြစ်သော စိန်တလုံး သရက် (၄၀)ပင်တို့ကို  စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။  

         ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင် နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး(၆/၂၀၂၅) ကို (ဗဟို)အစည်းအဝေးခန်းမ တွင် ဆက်လက်ဆောင်ရွက်ခဲ့ကြပါသည်။