“မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ Refresher Training for MMCWA Volunteer on MNCH and GBV သင်တန်းဆောင်ရွက်ခြင်း”

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှ HI-MNCH စီမံချက်၏ Refresher Training for MMCWA Volunteer on MNCH and GBV သင်တန်းကို (၂၈-၅-၂၀၂၆) ရက်နေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊     မအူပင်ခရိုင်၊ မအူပင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး ၌ သွားရောက် ဆောင်ရွက်ပြုလုပ်ခဲ့ပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင် နှင့် အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်း၊ ဧရာဝတီ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့  နာယက ဒေါ်သက်သက်ဆွေ၊ ဥက္ကဋ္ဌ ဒေါ်မိုးသူတင့် နှင့် အဖွဲ့ဝင်များ၊ မအူပင်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မအူပင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဝင် စေတနာ့ဝန်ထမ်း (၃၁)ဦးတို့က တက်ရောက်ခဲ့ကြပါသည်။
ပထမဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင် မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ နှင့် အတွင်းရေးမှူးတို့က မအူပင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းအတွက် သားဖွားခန်းသုံးပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ ရာ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌ နှင့် အဖွဲ့တို့မှ လက်ခံရယူခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး သင်တန်းအခမ်းအနားကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) အတွင်းရေးမှူး ဒေါက်တာနွယ်နီအုန်း နှင့် အဖွဲ့တို့ကသင်တန်းသူ/သား (၃၁)ဦးတို့အား သင်တန်းပို့ချပေးခဲ့ကြပါသည်။