၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှ ၃၁ နေ့ထိ။
မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် “မွေးကင်းစကလေးများ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးနည်းပြသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပညာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါက်တာမျိုသိမ်းကြီးမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ထိုအခမ်းအနားတွင် မြန်မာအိုင်ဒေါလ် အဆိုတော် ကိုရဲနောင်မှ ကိုယ်တိုင်ရေးစပ် သီကုံးထားသော “စွန့်ပစ်ကလေးငယ်များနှင့် ရပ်ကွက်ထဲမှအကြောင်း” ကို ပုံဖော်၍ သီချင်းနှစ်ပုဒ်ကို သီဆိုဖျော်ဖြေခဲ့ပါသည်။ အဆိုပါသင်တန်းကာလကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့မှ ၃၁ နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
အဆိုပါသင်တန်း၌ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့၊ နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက်ကဌ ပါမောက်ခ ဒေါက်တာစန်းစန်းမြင့်အောင်သည် “ပဋိသနေ်ဓတည်ခြင်းနှင့် ပြဿနာများ” အကြောင်းကို သင်ကြားပို့ချခဲ့ပါသည်။