“Quality Training for MMCWA’s Maternity Home Midwives” training

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း IPPF-SPRINT Project မှ “Quality Training for MMCEA’s Maternity Home Midwives” သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း (ဗဟို)ရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်‌ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ မိခင်နှင့်မျိုးဆက်ပွားကျန်းမာရေးဌာနခွဲ၊ ကလေးကျန်းမာဖွံ့ဖြိုးရေးဌာနခွဲနှင့် အာဟာရဖွံ့ဖြိုးရေးဌာနခွဲတို့မှ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးများက သင်တန်းပို့ချပေးခဲ့ပါသည်။ အဆိုပါသင်တန်းကို ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ကြပါသည်။