မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို) မှ Advocacy and Training for Community Volunteers သင်တန်းကို (၂၄-၃-၂၀၂၆)ရက်နေ့ မှ (၂၅-၃-၂၀၂၆)ရက်နေ့ အထိ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး (ဗဟို)၏ သင်တန်းခန်းမတွင် ဆောင်ရွက်ပြုလုပ်ခဲ့ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနား၌ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင် မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းမှ ရရှိလာမည့် ဗဟုသုတများကို ပြည်သူလူထုအကြားမှာ ပြန်လည်မျှဝေပေးနိုင်ရန် သေချာမှတ်သားသွားကြဖို့ နှင့် အသင်းကြီး၏ လုပ်ငန်းများကို အချိန်ပေးပြီး စေတနာရှေ့ထားဆောင်ရွက်ပေးနေကြသော အသင်းဝင်စေတနာ့ဝန်ထမ်းများ အားလုံးကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ရုံးအဖွဲ့ နှင့် မိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူတို့ က သင်တန်းပို့ချပေးခဲ့ကြပါသည်။ အဆိုပါ သင်တန်းကို ပဲခူးတိုင်းဒေသကြီးမှ ပဲခူးမြို့နယ် နှင့် ပြည်မြို့နယ်၊ နေပြည်တော်မှ လယ်ဝေးမြို့နယ် နှင့် ပျဉ်းမနားမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ ညောင်ဦးမြို့နယ်၊ တံတားဦးမြို့နယ်၊တောင်သာမြို့နယ်၊ ငါးဇွန်မြို့နယ် နှင့် သာစည်မြို့နယ်၊ မွန်ပြည်နယ် မှ ပေါင်မြို့နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ် နှင့် မုဒုံမြို့နယ်တို့မှ အသင်းဝင်စေတနာ့ဝန်ထမ်း (၄၂)ဦးတို့က သင်တန်းတက်ရောက်ခဲ့ကြပါသည်။
