Annual Review Meeting ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း HI-MNCH Project Annual Review Meeting for HI-MNCH Activities (MMCWA) ကို စက်တင်ဘာလ (၂၁)ရက်နေ့တွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး(ဗဟို)၊ နေပြည်တော် တွင် ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ စန်းစန်းမြင့်အောင်  မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင်များနှင့် စီမံချက်ဝင်ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးအသီးသီးတို့ ရှိ စီမံချက်ဝင် မြို့နယ် (၂၀) မှ တာဝန်ခံများ၊ စေတနာ့ဝန်ထမ်းများနှင့် သားဖွားဆရာမများ တက်ရောက်ခဲ့ကြပါသည်။