Asia Maternal and Child Welfare Association (AMCWA) အဖွဲ့မှ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံးသို့ လာရောက်တွေ့ဆုံ

၂၂ - ၁ - ၂၀၁၉

Asia Maternal and Child Welfare Association (AMCWA) မှ ဒုတိယ ဥက္ကဌနှင့်အဖွဲ့သည် မြန်မာနိုင်ငံမိခင်ကလေးစောင့်ရှောက်ရေးအသင်းသို့ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၂)ရက် နေ့တွင်လာရောက်တွေ့ဆုံရာ မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဥက္ကဌ နှင့်အဖွဲ့ဝင်များမှ ကြိုဆိုနုတ်ဆက်ခဲ့ကြပါသည်။ ယင်းနောက် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက် ရေးအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်မှ အသင်း၏ လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် AMCWA အဖွဲ့မှ မန္တလေးတိုင်း ဒေသကြီးရှိမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် အမရပူရမြို့မမူလ တန်းကြိုကျောင်းပြုပြင်ရန်အတွက် အလှူငွေ(USD 5,000) နှင့်စစ်ကိုင်းတိုင်းဒေသ ကြီးရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် ကျွန်းလှမူလတန်းကြိုကျောင်း အိမ်သာဆောက်လုပ်ရန်အတွက်အလှူငွေ(US D1,000) ကိုထောက်ပံ့ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များကလက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌပါမောက္ခ ဒေါက်တာစန်းစန်းမြင့်အောင်၊အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်း၊စာရင်းစစ် ဒေါက်တာ ခင်ဝင်းသက်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်သန်းသန်းစိန်၊လက်ထောက်ဆရာဝန် ဒေါက်တာခိုင်နွယ်ဟန်နှင့် IPPFစီမံချက်ဌာန၊ အမှုဆောင်ညွှန်ကြားရေးမှူးဒေါက်တာ မေချမ်းဦးတို့ကလက်ခံတွေ့ဆုံခဲ့ပါသည်။